Coolpad 5200S ကို Firmware တင်နည်း
Coolpad 5200S ကို Firmware တင်နည်း
Ko Ko Than (Fb: https://www.facebook.com/kokothann) ပါ။
Y60-C1 တင်နည်းကို သူshare ပေး ပြောပြပေးတဲ့ အတွက် အခု 5200sမှာသူပေးတဲ့ ဖိုင်နဲ့
flash mode ၀င်လို့ရသွားတာပါ။ကျေးဇူးအထူးပါ ကိုကိုသန်း ခင်ဗျား။
ဖြစ်နိုင်ရင် ကူးယူဖေါ်ပြခြင်း မပြုပဲ မူရင်းဒီ post ရဲ့လင့်ကိုပဲ ညွှန်ပေးစေချင်ပါတယ်။
ဒုတိယ ကျေးဇူးတင်ရမှာတော့ ကိုမျိုးမြတ်သူ (Fb : https://www.facebook.com/ko.sai.712)ပါ။
သူကတော့ အရင်ဆုံး တစ်ခါတင်ပြီးစမ်းပေးထားတာပါ ။သူ့ကြောင့်လည်းဒီpost ကိုရေးဖြစ်တာပါ။
ကျတော် ကတော့ ဘယ် Driver ကြောင့် အဆင်ပြေတယ် ဆိုတာရယ် သိအောင် အဖြေရှာပေးပါတယ်။
windown 8 pro 32 bit မှာ စမ်းသပ်ပြီးဖြစ်ပါတယ်။
အရင်ဆုံး ဒီဖိုင် ကို ဒေါင်းပြီး ဖြည်ချပြီးနောက် setup.exe ကိုနှိပ်ပြီး Driver သွင်းပေးထားပါ။
ပြီးရင် ဒီဖိုင်ကို ဒေါင်းပြီး နောက် ဖြည်လို့ ရလာတဲ့ ဖိုင်နှစ်ဖိုင်ကို sdcardရဲ့ root(ဂေါင်နေရာ) မှာ ကူးထည့်ပြီးနောက် sdcard ကိုဖုန်းမှာ ထည့်ပြီး
ဖုန်းကို ပါဝါ ဖွင့်လိုက်ပါ။ vibrate တစ်ချက်သာတုန်ပြီး ဘာမှ မပေါ်ပဲ အမည်းရောင် screen သာ ဖြစ်နေပါမယ်
အဲဒါfirmware တင်လို့ရမယ့် flash mode ပါ။ ကြိုးထိုးပြီး ချိတ်ဆက်ထားလိုက်ပါ။
ပြီးရင် ပထမဆုံးပုံမှာ ပြထားတဲ့ အတိုင်း device manager မှာ ပေါ်နေရင်driver သိသွားပါပြီ။
ဒုတိယပုံမှာ ပြထားတဲ့ အတိုင်း Selet ကနေ firmware folder ကိုရွေးပေးပါ... နောက် Unlock ကိုနှိပ်ပါ။ Yes နှိပ်ပါ။
တတိယပုံမှာ ပြထားတဲ့အတိုင်း Download ကို နှိပ်ပြီးတဲ့နောက် စာတန်းတွေ စပေါ်လာပြီဆို firmware တင်နေပါပြီ။ ကြိုးဆွဲ မဖြုတ်ပါနဲ့
နောက်ဆုံပုံမှာပြထားတဲ့ အတိုင်းပေါ်လာပြီးဆိုရင်တော့ ဖုန်းကို ဓါတ်ခဲဖြုတ် sdcardဖြုတ်(ဒါမှမဟုတ် sdcardထဲကိုကူးထည့်ခဲ့တဲ့ ဖိုင်ကိုဖျက်ပြီး)
ပါဝါ စဖွင့်လိုက်ပါ။ firmware တင်လို့ပြီးပါပြီ။
တင်လို့ အဆင်မပြေရင် ဒီpost comment မှာ မေးထားနိုင်သလို
Download Links:
Comments
Post a Comment